ကျနော်မသိတဲ့ကျနော့်အကြောင်းကိုပြောပြဖို့ကြိုးစား၊စဉ်းစားတာကြာသွားတော့ အကြောင်းအရာပြောင်းသွားတယ်

Monday, June 4, 2012

နထ္ထိအခန်းကို ဗလာလို့နာမည်ပေးမယ်


ဒီမှာ
ပျက်စီးခြင်းအတော်များများကို ခံစားလို့မရတဲ့အတွက်
ဘဝဆိုတာ မပြီးပြည့်စုံခြင်းသို့တိုင်ခဲ့တယ် . ကျွမ်းကျင်သောလူသတ် သမား - (အသင့်ထုတ်ပိုးပြီးကုန်စည်များ) ရောင်းရေးဝယ်တာ အပြုံးများ ၊ လှုပ်ရှားသက်ဝင်နေသော စွဲဆောင်မှုများ ကော်ဖီတစ်ခွက်ထဖျော်တယ် .. သောက်တယ် ။ တကယ်တမ်းတော့ ရုံးခန်းထဲက အလွမ်းဟာဘာများအသုံးဝင်မှာလဲ .. နေရာလိုက်တန်ဖိုးတွေပြောင်းနေတော့ ဘာများ အပြုံးမြင်မှာလဲ သတိရခြင်းကို ဆာတေးလုပ်ပလိုက်တယ် .. အမှတ်ရခြင်းမှာ ပျော်ဝင်သွားပြန်တယ် .. လူက ပိန်ခြုံးလာတယ် .. ကိုယ့်လက်အရိုးကို နံကြားထဲပြန်ထိုးထည့်လိုက်တယ် အဲယားကွန်းက အေးလာတာကိုး .. မျှားလေးနဲ့လိုက်ချိန်နေတယ် .. ပြီးတော့ နေရာတည်ပြီဆို ပြစ်ချပလိုက်တယ် .. ကိစ္စတစ်ခုငြိမ်းသွားတယ် ... ဒါလားဘဝ .. ဒါလား . ဘဝ အခုလိုမီးဟုန်းဟုန်းမတောက်ရတာကြာပြီ ..
ခုလို နွေးနွေးထွေးထွေးမနေရတာကြာပြီ .. သိလားသူငယ်ချင်း .. အရမ်းနွေးထွေးလာပြီ .. ခန္ဒာဗေဒဖြစ်စဉ်အရ .. လူဟာသွေးနွေးသတ္တဝါဖြစ်တဲ့အတွက် .. နွေးထွေးလာရင် နေကောင်းပါတယ် .. အဖေရေမြင်ကြည့်လှည့် နာကျင်မှုတွေ မရှိချင်ယောင်ဆောင်နေတဲ့မြို့ပြထဲ .. ရေအိမ်ထဲလာလာငိုတဲ့လူ တွေနဲ့ကြုံဖူးရပေါင်းများရဲ့ .. သူတို့ကိုမမြင်ရဘူး သူတို့အသံပဲကြားရတယ် ..

တတီတီမြည်အောင်ဖုန်းဆက်ပါ .. သူတို့ရဲ့ကြားနေကြအသံထဲမှာ ငွေ့ရည်ဖွဲ့မှုတွေပါမလာဘူးလား .. ငိုကြီးချက်မနဲ့ မလွမ်းချင်ဘူး အေးဆေးသက်သာသလိုနေပါ .. ခဏခဏပိတ်ရပါများလာတဲ့ တီးတိုးငိုမြည်းသံတွေထဲမှာ .. ခန္ဒာဗေဒဆိုင်ရာပါရဂူတွေလဲပါတယ် ငိုတတ်တာ ပညာ ဖြစ်လာတဲ့ခေတ်ထဲမှာ သွားနေလိုက်ရတော့ အတော်များများဟာ အသားမကျချင်ဘူးခင်ဗျာ ... စကားလုံးတွေဖြေချလိုက်တဲ့ ရောဂါတစ်ခုလို .. သင်တို့အသိတွေအားလုံးကို ပြောပေးပါ .. အဲသည့်ကျေးတမာဆိုတာ .. အရင်ခေတ်တုန်းကလက်လုပ်လက်စားကုန်သည်တစ်ယောက်ပါ .. ပွိုင်တာကို ဟိုဘက်နဲနဲရွှေ့ပေးပါ . ငါဒီမှာ နိုင်ငံခြားကသားလေးနဲ့စကားပြောမလို့ .. သူ့အမေနေမကောင်းဘူး အမြန်ပြန်လာပါ လို့မှာမလို့ .. သူတို့လူငယ်တွေလူရာလဲဝင်လာရော ငါတို့လူကြီးတွေနဲ့ပြောစရာစကားနဲသွားတာ .. အဲဒါဒီမိုကရေစီက ထုတ်ပေးလိုက်တဲ့ တီထွင်ဖန်တီးမှုဆိုင်ရာ ဖြစ်စဉ်လား .. လူအိုတွေအတွက် စကားပြောစက်လေးလေးတွေထွင်ပေးပါဦး .. လူကြီးချင်း ပြောချင်လို့ . အခန်းဖော်ကောင်းကောင်းလေးတစ်ဦးငှားပြီး .. အိမ်အိုလေးတစ်လုံးမှာ စကားပြောမယ်လေကွယ် . အဖွားကြီး မင်းလက်ကလေးကို ငါကိုင်ကြည့်ချင်လို့ .. စံပါယ်ပန်းလေးပန်ပြီး .. ငါ့အခန်းတံခါးကိုခေါက်စမ်းပါ .. ဒီခေတ်မှာတံခါးခေါက်တယ်ဆိုတာ ယဉ်ကျေးတဲ့နူးညံ့တဲ့ တော်ဝင်ဆန်တဲ့ အပြုအမူလေးတစ်ခု ဖြစ်သွားပြီကွယ် .. ဘဲလ်မတီးနဲ့နော် တံခါးပဲခေါက် ဒေါက်ဒေါက်ဒေါက်ဆိုငါသိပြီအဖွားကြီး ..

ချစ်စရာကောင်းတဲ့ညင်သာမှုတွေနဲ့ သူမဟာငါ့ကိုဖြတ်တိုက်သွားတယ် ငါ့မှာသာလက်ဗလာနဲ့ ပြုံးလို့
လြ က်ဗလာနဲ့ လြ က်ခေါက်မှုတ် .. အက က လို့ .. လက်ဗလာနြဲပ ဖြစ်သော ရှိတည်ခြင်း

ကဗျာ သေသွားတယ်ဆိုတာထက် နှလုံးသားသေသွားတယ်ဆိုရမယ် အကြောင်းအရာတွေကရင်ဘတ်ထဲရောက်မလာတော့ဘူး

ဘယ်သူမှမသိအောင် ပါပဲ နိမ်း(ဒ)ဟာ xလပိုင်း xဆယ့်တစ်ရက် နှစ်ထောင့်xခုနှစ် ရဲ့ ညနေခင်းတစ်ခုမှာသေးဆုံးခဲ့ပြီး

ဂီတရဲ့နာပျော်ဖွယ်ထဲ အရောင်အဆင်းနဲနဲစွက်လိုက်လို့ .. စကားလုံးပြောင်မြောက်သွားမယ်ဆိုရင် . အဲသည့် နထ္ထိအခန်းကို ဗလာလို့နာမည်ပေးမယ်

၃နှစ်ဆိုတဲ့ကာလအတွင်းမှာ သင်ကြားခဲ့ရတဲ့အရာတွေက ငါ့ကို တွန်းပို့လိုက်တယ် .. ခုတော့ အစွန်းဆုံး မဟုတ်တဲ့ အစွန်းဆုံးတွေမှာ

2:11 PM 12/19/2011

Thursday, May 31, 2012

စိတ်ပုစ္ဆာ ( ဖြစ်တည်ခြင်း ပြဿနာများ)


=စိတ်+
စိတ်ကို စိတ်ထဲမှာ မှတ် ။
စိတ် ၊ စိတ်ချောင်းထောင် ။
စိတ်ပီးတော့ စိတ် ။
စိတ်ပီးတော့ စိတ် ။
စိတ်ပီးတော့ စိတ် ။
စိတ်ပီးတော့ စိတ် ။
အဖြေ = စိတ် ။

=စိတ်-
စိတ်ထဲက စိတ်ကိုနှုတ် မနှုတ်လောက်တော့ စိတ်ကိုချေး
စိတ်ပီးတော့ စိတ် ။
စိတ်ပီးတော့ စိတ် ။
စိတ်ပီးတော့ စိတ် ။
အဖြေ = စိတ်ထဲက စိတ်ကို နှုတ် စိတ်ကျန် ။

=စိတ်x
စိတ်နဲ့စိတ်နဲ့မြှောက်ရအောင်
စိတ် တစ်လီ စိတ် ။
စိတ် နှစ်လီ စိတ် ။
စိတ် သုံးလီ စိတ် ။
စိတ် လေးလီ စိတ် ။
စိတ် စိတ်လီ စိတ်ဆယ့်စိတ် ။
အဖြေ = စိတ်ဆယ့်စိတ် ။

=စိတ်%

အပေါ်ကဟာတွေကို နဲနဲစိတ်စားလိုက်ရင်
အဖြေ = စိတ်အစားစိတ် ညီမျှခြင်း စိတ် ထွက်ရမယ်။

မှားနေသေးရင်ပြန်တွက် ။


(နာမ) 12နာရီ:11မိနစ် နေ့လည် 5လ၊31ရက်၊2012ခုနှစ်

Tuesday, March 13, 2012

"ဖြစ်ချင်တာတွေလဲ မဖြစ်ရပါ"

"ဖြစ်ချင်တာတွေလဲ မဖြစ်ရပါ"

ကျောက်စက်ချကဗျာ
ဟေ့
နောက်ဘက်ကလှမ်းခေါ်နေတာဘယ်သူလဲ
ခု
တစ်မျိုးနဲ့
နောက်တစ်မျိုးမရိုးအောင်
ဝတ်စားဆင်ယင်ပါ
နင်ဟာငါ့ရဲ့ကမ္ဘာ

ချစ်တာတစ်ခုထည်းသိတာဆိုရင်
နင့်ကမ္ဘာတစ်ခုပဲရှိတဲ့ငါ့နေစရာ

"အဲဒါ အဲဒါ အဲဒါ ဘဝသံသရာ"

=နာမ

Wednesday, March 7, 2012

ဖရေဒီယံ ၃၆၀ ဟာ ခင်ဗျားတို့ပြောနေကျ ထုတ်လွှင့်မှုတွေ

အဓိပ္ပါယ်မဲ့တာတွေနဲ့ ပျော်စရာတွေကို ပေါင်းပြီး ပါကင်ထုတ်ထားလိုက်တယ် ..
တီဗီကတင့်ကားသီတင်းပြီးသွားတော့ လေယဉ်ပျံကြီး ဝုန်းဒိုင်းကျဲဝင်လာတယ်

ဖရေဒီယံ ၃၆၀ ဟာ ခင်ဗျားတို့ပြောနေကျ ထုတ်လွှင့်မှုတွေ

စားပွဲခုံပေါ် ခြေချလွှဲတင်ပစောင်
ရိုး နဲ့ ရှင်းရှင်းလက်ငင်း
ကို ဖြိုချလိုက်တော့ အကြင်တ
ရားက နားလည်မှုမရှိစွာ
ခံစားမှုလွန်ကဲ အခြေအနေမဲ့ခဲ့
ကြ . နားလည်ဖို့မလွယ်ဘူးဆိုရင် ဖုန်းနံ
ပါတ်ကောက်နှိပ်လိုက်ယုံနဲ့ အိမ်မက်ဟာ

ဖြစ်တည်လာမှာလား ..

စကားပြောချင်နေတဲ့ ကောင်မလေးက အပေါ်တက်
မလာသေးဘူး .. ဘဝကိုဖြစ်သလို
ပဲ ဖြတ်သန်းပလိုက်မှာနော် .
. နောက်ဆုံးသေသွား
ရင်မြေကြီးဖြစ်သွားမှာပဲလေ ..
မဟုတ်ဘူးလား .. နောက်ဘဝရှိမရှိ
မသေချာပြန်တဲ့ဘဝ
မှာ ပြန်လည်ရှင်သန်နေရပြန်
တယ် .. ခဏ .. ခဏ လေး .
စိတ်ဝင်စားလိုက်ပါရစေဦး ခဏလေး .. ဒီလိုပဲ ငါသေချင်တာကြာပီ
ခင်ဗျားရဲ့အfoulဓါတ်လေးဟာ စိတ်ဝင်စားစရာအ
ရမ်းကောင်း ခပ်ဖြာဖြာလေး .. နားလည်ဖို့ကြိုးစားရင်
အားလုံးရေစုံမျောသွားတယ် ဟုတ်လား
ဘူး ရှိသေးလား မရှိတော့ဘူး ..
ဘုရားမှာ ကြံရည်သွားသောက် ရင် ခင်ဗျားမှာရှိတဲ့ အမှန်တရားကို ဖုတ်သွင်းသင်္ကြိုလိုက်တော့ ထွန်းထွန်း ..
ဇော်ဂျီတစ်ထောင်မကလို့ .. ဘယ်နှကောင်ကချင်လဲ ..
တနင်္လာဟာ အဖြူအမဲမကွဲတော့လို့ ကိုယ့်ကိုကိုယ်ညှပ်နဲ့ဆွဲထုတ်လိုက်ရတယ်။
ခင်ဗျားကြီးဆိုတဲ့ကောင်တွေဟာ လူပါး-သိပ်ဝ-လွန်းခဲ့ပါတ=တယ်ဗျာ .. ။
၇၅ ရာခိုင်နှုန်းမပြည့်ရင် စာမေးပွဲဖြေစရာမလိုဘူးတဲ့ .. ။ကဲဒါဆို

ဘဝဟာ ကျမှာပဲ ..

ခင်ဗျာ ကျမှာပဲ


ခွေးကျဝက်ကျ ကျမှာပဲ
နိမ်း(ဒ) 9:24 AM 3/7/2012

Thursday, March 1, 2012

ကကြီးဗထက်ချိုင့်ယပင့်ရေးချာ / ကကြီးဗထက်ချိုင့်ယပင့်ရေးချ
ဘာပဲပြောပြော ကဗျာ ပါပဲ

ဒတ်ထရွိုက် မှာရှိတဲ့ကောင်လေးကို သတ်လိုက်တော့
ဗန်ကူးဗားကို ၆ နာရီအရောက်လာခဲ့ - နေမဝင်စေနဲ့
ဆိုမာလီယာတွေ ဒီအတိုင်းရှိပစေ့ .. အိမ်ပြန်နောက်ကျတတ်တဲ့ ကြယ်တွေခေါ်မလာနဲ့
စကားစမြည်ပြောတတ်ပစေ .. ငိုဖို့အကြောင်းအရာရောက်ရင် ရှိုက်ကြီးတငင် ..

တံ တွာ တေ ရှင် ၊ တံ တွာ တေ ရှင် ။ ငြိမ်သက်တစ်မိနစ် ။ စာရွက်စာတမ်းတွေစုံ ရင်
သောင်္ကြာ ကြယ်ကို လနဲ့ နီးခိုင်းလိုက်တော့ ။ MAI နဲ့လမိယ်(လိမ့်မယ်ဟုမရေး ဒါပေမယ့် လိမ့်မယ်လို့ပြောထားတာ) ။
ခင်ဗျားက ဘယ်နေရာကနေ ဒီ အသွင်း ကို စမှာလဲ .. ကျနော်
လမ်းတစ်ဝက်ကလိုက်လာခဲ့မယ် .

ခုပြောင်းမယ့်အခန်းမှာ ဂီတာရှိတယ် .. တီးတက်မတီးတက်အသာထား ..
ငါကယဉ်ကျေးရမယ် .. အဲသည့်သောက်တလွဲလောကကြီးအတွက်?
ဘုရားရေ ငါ့ ရိုမီယိုပန်းတွေ ဘယ်သူတက်နင်းသွားပါလိမ့်
သေစမ်း ငါခုထိတရားမရသေးဘူး ပရိုမီးသီးယက်စ် ရေ

ဂုဏ်ယူလိုက်စမ်းပါ ဇု တစ်စုံတစ်ယောက်ကို တစ်စုံတစ်ခုဖြစ်စေခဲ့တယ်ဆိုရင်
ဒါ လုပ်ကြံမှူပဲ ။ ငါက - မရိုးသားတဲ့လူတွေနဲ့မပေါင်းဘူး ။
လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ။ ရိုးသားဖို့လိုအပ်တယ် ။
ဟုတ်တယ်ဟုတ် ?  ဖျန်း ..
ဖျန်း

ဒီနေရာမှာ .. အသက်ဝင်လာတယ်။ ဇတ်လိုက်က ကွမ်းတံတွေး ပျစ်ခနဲထွေးတယ်
ဆင်ဆာကဖြတ်ချတယ် .. ခုဆို ငါတို့နိုင်ငံကြီးတိုးတက်ထွန်းကားလို့ ..
ဆောက်တလွဲတွေဆိုတဲ့စကား နေရာတိုင်းကြားရတယ်
ဆောက်ထားတာတွေကလဲ တလွဲတွေပဲကိုး ..

မသမာမှု

ဇတ်ဝင်ခန်းတွေ တိုးလျှသွားချိန် .. ပိတ်ကားက အရောင်တောက်လာတယ် ..
ထိုင်နေတဲ့လူတွေ အညောင်းဆန့်တယ်
ခဏနေတော့ နိုင်ငံတော်သီချင်းလာတယ်
အားလုံး ငြိမ်သက် တစ်မိနစ် ..

သူမကို နမ်းဖူးတယ် အိမ်မက်ထဲမှာ ဒါပေမယ့်
ကိုယ့်လက်ကိုယ် အဲ့သလောက် မြတ်မြတ်နိုးနိုး မနမ်းဖူးဘူး
အကောင်းအဆိုးမရှိဘူး အကြောင်းအကျိုးပဲရှိတယ်
ခံစားချက်မရှိချင်ဘူး ခံစားတတ်တဲ့ဒီသောက်စိတ်ကို  ရိုက်ချိုး ..

စံပါယ်ဖြူတွေတောင်ပွင့်ပြီကွယ် ..
အောင်မြင်မှုရဲ့အရသာ ဟာ လင်စိတ်သားစိတ်ကို ကုန်ခမ်းစေပါသလား
လိင်စိတ် အလျားလိုက်တောက် ပနေသော ညကို မီးကင်းတဲက သံချေmင်းခေါက်တယ်
ငါ တို့ ဆိုက်ကားတစ်စီးနဲ့ ပြန်လာတုန်းကပေါ့ ..

ဖောက်ပြန်ခြင်း methodology ကို အရှိတရား utility နဲ့ တိုက်ချပလိုက်တယ်
စက်ထဲရှိတဲ့ virus တွေ နဲနဲ ငြိမ်သွားတယ် ဒါတရားသလား .. ဒါတရားသလား
ဘာပဲပြောပြော သူငယ်ချင်းကို မပြောပဲ တရားသွားနာတာ ကောင်းသလား ..
ကောင်းပါတယ် .... ဟေးးးးးးးးးးး ကောင်းပါတယ်

လေးကြောင်းစပ် လင်္ကာ (သို့မဟုတ်) အချင်းငယ်တဲ့
အကြောင်းချင်းရာတဲ့ .. ။ အနည်းငယ် ကျဉ်းမြောင်းသော အကြောင်း တဲ့
ချင်းရာ ၂၅ တဲ့ အင်္ဂါ ၈ ပါးတဲ့ ..
ဟဲ့ကောင် ငါ့ မိုးကုတ်စက်ဝိုင်းဘယ်ယူ ဆော့ပလိုက်သတုန်း .. ဒီကလေးနှယ်ခက်တယ်

နိမ်း(ဒ) 4:05 PM 2/27/2012
(ဤကားစကားချပ်)

အသင်နှင့်ငါ နှိုင်းရမြစ်ပွားနာ .

aနားသပ်မျဉ်းတွေကို သေချာစိုက်ကြည့်တော့ တွားသွားနေတဲ့သတ္တဝါတစ်ကောင်ကို တွေ့တယ်z


aနေbမှာရှိသောအရပ်သို့aရောက်သွားb
pလာတော့မလားmသေချာသေးတော့
dကောင့်ကိုဖြုတ်ချတဲ့ကောင်ဟာ ငါတို့သူရဲkgဖြစ်တော့တယ်

တရားမျှတခြင်းဟာ gလဲ့စားချေခြင်းလား ..
ninနဲ့ငါနဲ့ကြားမှာchitခြင်း

ဖြစ်မြဲဖြစ်နေလိုတဲ့ဆန္ဒအောက်ထဲမှာပဲdကဗျာကိုထည့်ထားလိုက်တယ်
အမှတ်တရသီချင်းဟာ နိုင်ငံတော်သီချင်းပဲဖြစ်တယ် ..
ခုတော့ ဝေဒနာကမ်းပါးဟာ .. pyo လာပြီ ..လား ..?????

6.0ကိုrunပါ ...
enterခေါက်ပါ ..
နောက်တစ်ကြောင်းဆင်းပါ
.
.
(ကွင်းစဖွင့်ပါ
အောက်တစ်ကြောင်းဆင်းပြီး
ကွင်းပိတ်ပါ)

အသက်ရှုသံသဲ့သဲ့ကြားမှာ
နာနေတဲ့တရားကို ရှုပွားပါ ..
ချစ်ပါ မြတ်နိုးပါ .. သဒ္ဒါတရားနဲ့နေပါ ..
အမှန်အမှားကို ဘုရားလောက်မသိနိုင်ပါ့မလား
စူစမ်းလေ့လာရင်းနဲ့ မနက်တစ်ခေါက်ညနေတစ်ခေါက်ရေချိုးပါ ..
ဦးနှောက်စားတဲ့အခါ .. အတွေးအခေါ်တွေကို ကြေညက်အောင်ဝါးရပါတယ် ..
သတိထားပါ .. ဝိရိယစိုက်ပါ ဉာဏ်နဲ့ရှုပါ

မျက်တစ်ခတ် လျှပ်ပျက်ကယ်တဗီဇနာ ..
အသင်နှင့်ငါ
အသင်နှင့်ငါ
အသင်နှင့်ငါ

နှိုင်းရမြစ်ပွားနာ ..

နိမ်း(ဒ) 3:14 PM 2/13/2012

လက်မရွံ့ကဗျာဆရာ ..

နားသောတဆင်ဖို့
လက်ခေါက်မှုတ်ပြပါ

အလုအယက်ပြေးရဖို့အရေး
အလုအယက်ပြေးနေရတယ်

လုအလုပ်လူလုပ်တာ
တဲ့...

ခံယူချက်တွေ နီစွေးဖို့
ကိုယ့်ကိုကိုယ် ညှို့တင်းလွှတ်လိုက်

"ကြယ်ရောက်တွေပျောက်တဲ့ညမှာ အပြင်လောကထဲထွက်လာသူ"
"အဆူအပူခံကာမှီခိုရာဌာန အိမ်ဆိုပေမယ့်အိမ်ရယ်မမည်တော့ဘူး"

အညမညဖြစ်စဉ်တွေထဲက အန္တိမ ပန်းတိုင်ကို
လက်လျှိုနှိုက် ..

"မာကျူရီမီးလုံးအောက်မှာ ကိုယ်အိတ်ထဲလက်နှိုက်ရှာကြည့်"
"ငွေရယ်ဆိုလို့တစ်ဆယ်တန်နဲ့အကြွေတစ်ချို့"

မြွေခြောက်ကိုက် .. သေ
သေ

ရင်ခွင်မှာတော့ - မျှော်လင့်ချက်ကြီး - တစ်ခု

ဖြစ်စဉ်များဖြစ်စဉ်များဖြစ်စဉ်များ
နှင့်
၎င်း တို့၏ဆင့်ကဲဖြစ်စဉ်များ ..

နိမ်း(ဒ) 4:09 PM 2/14/2012

ချုပ်


အသက်ရှုသံသဲ့သဲ့ကြားမှာ
နာနေတဲ့တရားကို ရှုပွားပါ ..
သတိရယ်
သမာဓိရယ်
သိပ္ပံရယ်
ရောက်လာပါလိမ့်မယ်

အဲသည့်သဲ့သဲ့ထဲမှာပဲ
ငါ
လဲကျပါရစေ

နိမ်း(ဒ) 5:28 PM 2/13/2012

ဖြစ်တည်ခဲ့သမျှ .. ပျက် (ဖြစ်တည်ပျက်)


ကျောင်းတုန်းကလက်ဖျံရိုးဟာ
ပိုပြီးပိန်ပိန်လာတယ် ..
မျက်ဝါးထင်ထင်တွေ့နေရတာက 
အရေးအကြောင်းတွေ
ရှုသွင်းနဲ့ရှုထုတ်ကြား
သံသယ တဏှာတွေ များခဲ့လိုက်တာ


နောက်ဆုံး .. ထွက်သက်တစ်ခုမှာပဲဆုံးရတာပဲ
အဲသည့် မတိုင်ခင်လေးလဲဖြစ်ကောင်းဖြစ်နိုင်ရဲ့


ဖြစ်တတ်တဲ့သဘောကို ဖြစ်တတ်တဲ့အတိုင်းပဲ
ထားခဲ့ရမှာလား ..
မဖြစ်သေးဘူးထင်တယ် . နော်


ဖြစ်မြဲ ဖြစ်နေလိုတဲ့ ဆန္ဒတွေ 
ဖြစ်မြဲ မဖြစ်ရတော့တဲ့ အခါ
ဘာဖြစ်လာမလဲ .. ဖြေ ..


ဖွာလံကျဲသွားတဲ့ ဦးခေါင်းခွံတစ်ခုဖြစ်တယ်
အတွေးအခေါ်တွေး အခေါ်တွေက 
အနီးစက်ဝန်းတစ်ဝိုက်ပျံ့ကျဲနေတယ်


နံပါတ်တစ်ခုကိုကောက်နှိပ်လိုက်တယ်
စိတ်အာသာပြေယုံ
ထုတ်တယ်သွင်းတယ်ထုတ်တယ်သွင်းတယ်


သူရဲကောင်းဆိုတာ အနိုင်နဲ့ပိုင်းတတ်ရတယ်
ကျောက်ဖြစ်ရုပ်ကျွင်းဆိုတာ တစ်ပိုင်းမဟုတ်ဘူး 
အကုန်သေတယ် . ဒိုင်စားတယ်ကွာ ..


ပြောမကုန်ဘူးသိတယ်မလား ..
အကြောင်းအရာတွေက 
ရှုသွင်းရှုထုတ်နဲ့ . . အပြိုင် ..


နာမထိုးတယ် နိမ်း(ဒ) 3:19 PM 2/17/2012

မေတ္တာလိုသော် အချစ်ကိုဝိဇ္ဇာနှင့်ထိမ်းမြှောက်


အချစ် = မေတ္တာ + တဏှာ
မေတ္တာ = အချစ် - တဏှာ

တဏှာသည် အဝိဇ္ဇာ ဒွိယံဖြစ်သည်
ထို့ကြောင့်

မေတ္တာ = အချစ် - (တဏှာ*အဝိဇ္ဇာ)
မေတ္တာ = အချစ် - ( - (တဏှာ*ဝိဇ္ဇာ))
မေတ္တာ = အချစ် + (တဏှာ*ဝိဇ္ဇာ)
မေတ္တာ = အချစ် တဏှာ + အချစ် ဝိဇ္ဇာ


နိမ်း(ဒ) 3:37 PM 2/17/2012